Monday, March 2, 2015

ကျွန်တော်ကိုယ်တိုင် ရိုက်ထားသော ဓါတ်ပုံများ

(၁၁.၁၀.၂၀၀၈) က ကျွန်တော်တင်ခဲ့သည့် ဓါတ်ပုံတချို့-

စေတနာ လို့ပဲ ထပ်ဆင့်အမည်ပေးမိသည်

စေတနာ ဆိုတဲ့ခေါင်းစဉ်နဲ့  ကိုညီလင်းဆက်သို့ ရည်ရွယ်ပြီး   အမှတ်တရ. အသိအမှတ်ပြု ပို့စ်ကို (၁၀.၁၁.၂၀၀၈) ၆ နာရီ ၂၃ မိနစ် PM မှာအောက်ပါစားသားအတိုင်းရေးတင်ခဲ့သည်.

(ကိုသိတဲ့ဟာ ကိုတတ်တက်ဟာကို သူတပါးလည်း သိပါစေ တတ်ပါစေ ဆိုတဲ့ဆန္ဒနဲ့ ပြောပြတာ သင်ပေးတာ
ဟာ စေတနာ ပါလို့ဖြစ်ပါတယ်၊ ကိုယ်က စေတနာ နဲ့ ပြောပေး သင်ပေး လိုက်တက်ဟာကို သူတပါးက လိုလိုလားလား လက်ခံ ဆည်းပူး သင်ယူခဲ့ရင် စေတနာနဲ့ လုပ်ပေးခဲ့တဲ့ သူမှာ ပေးဆပ်ရတဲ့ ပီတိ လေးတော့
နှလုံးသားထဲ့မှာ ဖြစ်တည်လာပါလိမ့်မည်လို ထင်မိပါတယ်။
ညီလင်းဆက်သို့ရည်ရွယ်သည်။ AKM)

Introduction

ကွန်ပြူတာအသုံးပြုသူကွန်တော် အွန်လိုင်ပေါ်ရောက်ရင်း blogspot.com တစ်ခုကိုဖန်တီးအခြေချခဲ့သည်.အကြောင်းအမျိုးမျိုးကြောင့် ကျွန်တော့အရင် blogspot.com လင့်သေသွားခဲ့သည်.  သို့သော်  ထိမ်းချူပ်ခန်းလို့ဆိုရမည့် blogger.com တွင် ကျွန်တော့် blog ရှိနေခဲ့သည်. ထို့ကြောင့် ကျွန်တော်  အမည်သစ်ဖြင့် အွန်လိုင်းခရီးကိုဆက်ဖို့ ကျွန်တော်စတင်ခဲ့သည့် post များဖြင့် ပထမခြေလှမ်းကိုစလှမ်းမိတာကို အမှတ်တရစဖေါ်ပြမိပါသည်.
(၁၀.၁၁.၂၀၀၈) ၁၂ နာရီ ၄၈ မိနစ် PM တွင်

(ကိုညီလင်းဆက်၏ ကျေးဇူးကြောင့် ဘလော့ဂ်တစ်ခုဖန်းတီးနိုင်ခဲ့ပါပြီ။ ကျေးဇူးတင်ရှိပါကြောင်း ၀မ်းမြောက်စွာ
နှုတ်ခွန်းဆက်သလိုက်ပါသည်။) ဟု ရေးသားမိရင်း အွန်လိုင်းစာမျက်နှာတစ်ခုကိုခြေချခဲ့မိပါသည်.